Wednesday, June 23, 2010

သို့ . . . ကမ္ဘာမြေ

သို့ . . . ကမ္ဘာမြေ

သို့ . . . ကမ္ဘာမြေ

သင်နေကောင်းရဲ့လား

ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကြားမှာ

သင့်အသက်ရှူသံတွေ ပါးဖျော့သွားသလိုပဲ

ကျန်းမာရေးကိုဂရုစိုက်ပါကမ္ဘာမြေ။

သင်ဝတ်ထားတဲ့ အင်္ကျီက

ဆွေးရိပြဲကျနေပြီ

အဲဒါ ဖာထေးဖို့တော်တော်ခက်တယ်

ခုထိလည်း ဘာအပ်နဲ့ချုပ်ရမလဲမသိသေးဘူး

သင့်ကိုယ်ပူချိန်က တော်တော်မြင့်နေပြီကမ္ဘာမြေ

ဆေးခန်းလေးဘာလေးလည်းပြပါဦး

ဆေးသောက်သင့်လည်းသောက် ဆေးထိုးသင့်လည်းထိုးပေါ့။

သင့်အသားအရည်ဟာ အရင်လိုမစိမ်းလန်းတော့ဘူး

တဖြည်းဖြည်းနဲ့ ကန္တာရဆန်လာတယ်

သင့်ကိုယ်ထဲကသွေးတွေလည်း တဖြည်းဖြည်းခန်းခြောက်လာတယ်ကမ္ဘာမြေ

သင်အအေးမိနေသလား ။

ဖြစ်နိုင်တာပေါ့

သင့်ကိုယ်ထဲကပိုးမွှားတွေက သစ္စာမရှိကြဘူးလေ

အစာအဟာရ မျှတအောင်စားပါကမ္ဘာမြေ။

နွေးနွေးထွေးထွေးနေပါ ကျန်းမာရေးလိုက်စားပါ အိပ်ရေး၀၀အိပ်ပါ

ကျန်းမာရေးကိုဂရုစိုက်ပါ ကမ္ဘာမြေ။

သင် . . . နေကောင်းပါစေ။

No comments:

Post a Comment